Albrecht Dürer (1471-1528)

Albrecht Dürer (1471-1528)

ဂျာမန် ရီနေဆန်းခေတ်မှာ အနုစိတ်ဆန်တဲ့ တိရစ္ဆာန်ပုံ၊ အပင်ပုံ၊ ရှုခင်းပုံကို

detail ကျကျ ရေးခြစ်တဲ့ စုတ်ချက်ကြောင့် အင်မတန် နာမည်ကြီးလှပါတယ်။

ဘဝမှတ်တမ်း
Dürer မွေးဖွားလာတဲ့အချိန်ဟာ မေ ၂၁၊ ၁၄၇၁ ခုနှစ်ဖြစ်ပြီး ဂျာမန်ပြည်ဖွား နုရင်ဘတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ 
လက်သမားမိသားစုက ကြီးပြင်းလာသူဖြစ်ပြီး ဖခင်ဖြစ်သူ လုပ်ကိုင်တဲ့ ရွှေပန်းတိမ်လုပ်ငန်းနဲ့ လက်ပွန်းတတီးရှိလှပါတယ်။

အနုပညာလုပ်ငန်း စတင်ခြင်း
အသက် ၁၅နှစ်မှာ ပန်းချီဆရာ၊ ပုံနှိပ်ဆရာ Michael Wolgemut လက်အောက်မှာ အလုပ်သင်ဘဝကို စတင်ခဲ့ပါတယ်။
အလုပ်သင်ဘဝမှာ ပန်းချီပညာ၊ ပုံထွင်းပညာ (ဘလောက်တုံးဖြင့် ကူးထားသော ရုပ်ပုံ) ကို လိုက်စားခဲ့ပါတယ်။

အနုပညာ ခရီးရှည်
အသက် ၂၀ကျော်မှာ ဥရောပတခွင် အနုပညာလေ့လာလိုက်စားဖို့ ခရီးရှည်ထွက်ခဲ့ပါတယ်။
အီတလီနိုင်ငံမှာ အနုပညာလေ့လာလိုက်စားရတာ သူ့အတွက် အကြိုက်ဆုံး လုပ်ရပ်တခုဖြစ်ပါတယ်။

အနုပညာ လွှမ်းမိုးမှု
အီတလီ ရီနေဆန်းခေတ် အနုပညာလက်ရာများကို အလွန်အမင်း အာသီသရှိသူဖြစ်တယ်။
Dürer ဟာ လီယိုနာဒီု ဒါဗင်ချီ (Leonardo da Vinci) နဲ့ ရာဖေး (Raphael) တို့ရဲ့ အနုပညာလက်ရာကို လွမ်းဆွေး ငတ်မွတ်သူဖြစ်တယ်။

ပန်းချီဆွဲသားခြင်း တိကျမှုအပိုင်း
ပုံထွင်းပညာကနေ ရရှိလာတဲ့ တိကျ ပြတ်သားခြင်း အလေ့အလာကို ပန်းချီဆွဲသားခြင်းမှာ အသုံးချနိုင်ခဲ့ပါတယ်။
လက်သမားအတက်ပညာ၊ ပုံထွင်းပညာ၊ ပုံနှိပ်ပညာ၊ လီယိုနာဒို ဒါဗင်ချီရဲ့ သင်္ချာ သင်္ကေတဆိုင်ရာ (Perspective) ပန်းချီလွှမ်းမိုးမှုတွေကြောင့် ရေးခြစ်ထားတဲ့ ဖန်တီးမှု အနုပညာတွေဟာ ဆန်းသစ်၊ တိကျ၊ သင်္ချာသဘော သက်ရောက်ပါတယ်။

သဘာဝဆန်သော ပန်းချီလက်ရာ
Portrait, Self-Portrait ပုံတူများမှာ Anatomy ကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်တယ်။
Detail ဆန်တဲ့ ရေးဆွဲခြင်းမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။
Realism ရေးဟန်ကို ဇောင်းပေးသူဖြစ်ပါတယ်။

သမင်လည်ပြန်ခရီး
ဥရောပ၊ အီတလီတခွင် အနုပညာ လေ့လာရေးပြီးဆုံးပြီးနောက်မှာ မွေးရပ်မြေ နုရင်ဘတ်မြို့မှာ သရုပ်ဖော်ပုံရေးဆွဲခြင်း၊ ရေးဆေးပန်းချီ ရေးခြစ်ခြင်း၊ ယဇ်ပုလ္လင်များကိုပါ ထုလုပ်ပြီး အနုပညာလုပ်ငန်းကို ဇောက်ချလုပ်ဆောင်ပါတော့တယ်။

အနုပညာ အမွေအနှစ်
Dürer ကို မြောက်ပိုင်း ရီနေဆန်းရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုကြပါတယ်။
သူအားထုတ်ခဲ့တဲ့ အနုပညာလုပ်ငန်းရဲ့ အထွဋ်အထိပ်ပိုင်းကို ရောက်ရှိသွားတာဖြစ်တယ်။
မြောက်ပိုင်း လီယိုနာဒိုအဖြစ်လည်း ကင်ပွန်းတပ်ခြင်း၊ ဂုဏ်ပြုခြင်းကို ရရှိသူဖြစ်ပါတယ်။


ဘဝနိဂုံး
ဧပြီ ၆၊ ၁၅၂၈ခုနှစ်မှာ ချစ်သော နုရင်ဘတ်မြို့မှာ Dürer ကွယ်လွန်ခဲ့ပါတယ်။
Dürer ကွယ်လွန်ခဲ့ပေမယ့် သူအားထုတ်ထားတဲ့ အနုပညာခံစားသက်ဝင်မှုတွေကို အမွေအနှစ်သဖွယ် တန်ဖိုးထားခြင်း ခံရပါတယ်။
သူ့ရဲ့ ဆန်းသစ်တဲ့ တိကျမှု (Perspective)၊ သင်္ချာဗေဒဆန်သော အနုပညာ လက်ရာများ၊ ပုံထွင်း ပုံနှိပ်ပညာနှင့် လက်သမားအတက်ပညာပေါင်းစည်းခြင်းအားဖြင့် ဖြစ်ပေါ်လာသော ပန်းချီစုတ်ချက်များကို အမွေအနှစ်သဖွယ် သူဖြတ်သန်းခဲ့ရတဲ့ခေတ်က လက်ခံသမှုပြုပါတယ်။

Narma Daw Art Gallery